NEWS

နယူးဇီလန်ရောက်မြန်မာများနှင့် ကလေးသံအမတ်များ"အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ဖို့၊ ဖဲကြိုးဖြူလှုပ်ရှားမှုမှာ ပါဝင်စို့"ကမ်ပိန်းစတင်

CoverLogo
1.4K Views

ဒီကနေ့ နိုဝင်ဘာလ (၂၅)ရက်နေ့မှာ ကျရောက်တဲ့ "အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့" အထိမ်းအမှတ်အဖြစ်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများကို မည်သည့်နည်းနှင့်မဆို ကိုယ်တိုင် မကျူးလွန်သလိုယင်းအကြမ်းဖက်မှုများပပျောက်ရန် ကြိုးပမ်းပါမယ်လို့ ကတိတဝတ်ပြုတဲ့ 
ဖဲကြိုးဖြူလှုပ်ရှားမှု့ကမ်ပိန်းမှာနယူးဇီလန်ရောက်မြန်မာတွေနဲ့မြန်မာ့အရေးလှုပ်ရှားနေတဲ့ကလေးသံမတ်တွေကမြန်မာပြည်က ကလေးသူငယ်တွေနဲ့အမျိုးသမီးတွေအတွက် ပါဝင်လှုပ်ရှားနေကြပါတယ်။

"ကျမတို့ကရန်ပုံငွေရှာတဲ့လှုပ်ရှားမှု့လုပ်နေတယ် NUG ရဲ့အမျိုးသမီးနဲ့ကလေးသူငယ်စောင့်ရှောက်ရေးဝန်ကြီးဌာနနဲ့လက်တွဲလုပ်တာပါ၊ ဒီနှစ်မှာမြန်မာပြည်မှာစိတ်ရောလူရောဒုက္ခရောက်နေတဲ့ကလေးတွေရော မြန်မာအမျိုးသမီးတွေကိုကိုယ်ချင်းစာတဲ့အနေနဲ့ဒီခရစ္စမတ်မှာ သူတို့အတွက်လက်ဆောင်ပေးနိုင်အောင်ရန်ပုံငွေရှာဖွေနေပါတယ်"လို့နယူဇီလန်ဆိုင်ရာ မြန်မာအမျိုးသမီးနဲ့ကလေးသူငယ်များကူညီစောက်ရှောက်မှု့အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့မတင်မမဦးကပြောပါတယ်။

မြန်မာပြည်မှာဒုက္ခရောက်နေတဲ့အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေအတွက်ဒီ ၁၆ ရက်တာလှုပ်ရှားမှု့ကာလအတွင်းမှာရန်ပုံငွေရှာဖွေရေးအတွက်ကလေးသံအမတ်တွေနဲ့ သစ်သားလက်လုပ်ပစ္စည်းရောင်းချတာတွေအွန်လိုင်းကနေတဆင့်ကလေးသံအမတ်တွေကစျေးရောင်းချတာတွေပြုလုပ်သွားဖို့ရှိနေတယ်လို့လဲသိရပါတယ်။

"ခုကျမတို့ရဲ့ကလေးသံအမတ်တွေက မြန်မာပြည်က ကလေးတွေကိုယ်စား နိုင်ငံတကာသိအောင်အသံတွေထုတ်ပေးနေပါတယ်၊ ပြီးတာ့ကျမအနေနဲ့ဘယ်​ယောကျာ်းလေးပဲဖြစ်ဖြစ် ဘာတာဝန်ပဲထမ်းဆောင်နေနေမိန်းကလေးတွေကိုညှင်းဆဲတာတွေမုဒိန်းကျင့်တာတွေမလုပ်ဖို့ပြောချင်တယ်လို့"မတင်မမဦးကဆက်ပြောပါတယ်။

ဒီကနေ့နိုဝင်ဘာ၂၅ရက်နေ့မှာကျရောက်တဲ့ကမ္ဘာလုံးဆိုင်ရာ"အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့"မှာနိုင်ငံရပ်ခြားကမြန်မာတွေပြည်တွင်းကပြည်သူတွေကစစ်အာဏာရှင်လက်အောက်မှာအတိဒုက္ခရောကနေတဲ့အမျိုးသမီး၊ ကလေးတွေအပါအဝင်လူတန်းစားပေါင်းစုံအတွက်တိုက်ပွဲဝင်ကမ်ပိန်းတွေပြုလုပ်နေကြပါတယ်။

ဒီ၁၆ရက်တာလှုပ်ရှားမှု့မှာပါဝင်မယ့်သူတွေအနေနဲ့
(၁) ဖဲကြိုးဖြူလေးများကို ဘယ်ဖက်ရင်ဘတ်တွင် တပ်ဆင်ထားပြီး လက်သုံးချောင်းထောင်ကာ ဓာတ်ပုံရိုက်ပါ။
(၂) ၄င်းဓာတ်ပုံလေးများကို ဆိုရှယ်မီဒီယာတွင် အောက်ဖော်ပြပါစာသား၊ hashtag လေးများဖြင့်တင်ပါ။

ပုံနှင့်တွဲတင်ရန်စာသား

နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ (၁၀)ရက်နေ့သည် ကမ္ဘာနှင့်အဝန်းတွင် နှစ်စဥ်ကျင်းပလေ့ရှိသော ၁၆ရက်တာလှုပ်ရှားမှု ကာလဖြစ်ပါသည်။

ကျွန်တော်/ ကျွန်မ သည် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေသော ဒီမိုကရေစီလိုလားသည့် ပြည်သူတစ်ဦးဖြစ်သည် နှင့်အညီ နိုဝင်ဘာလ ၂၅ရက်နေ့တွင် ကျရောက်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကိုယ်တိုင်မကျူးလွန်သည့်အပြင် ယင်းအကြမ်းဖက်မှုများလျော့ကျသွားစေရန် တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းပါမည်ဟု ဖဲကြိုးဖြူကမ်ပိန်းတွင်ပါဝင်ခြင်းဖြင့် ကတိကဝတ်ပြုပါသည်။ ဆိုတဲ့အချက်တွေကိုဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။


Related posts

Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026